(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအပြင်၊ မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
| 27 | 0 | 0 | 0 |


