back

ဗီလီဆာပိုပေါ့ဗ်ကို စာချုပ်လျော်ကြေးပေးပြီး MFF ခေါ်ယူရန်ကြိုးစားနေကြောင်း နန်ဒန်းသတင်းစာဖော်ပြ

Feb 24 • 2:33 AM

breaking-news

Myanmar

Local

cover

ဗီလီဆာပိုပေါ့ဗ်ကို စာချုပ်လျော်ကြေးပေးပြီး MFF ခေါ်ယူရန်ကြိုးစားနေကြောင်း နန်ဒန်းသတင်းစာဖော်ပြ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဗီယက်နမ်ကလပ် ဗီရက်တယ်အသင်း (The Cong-Viettel) ၏ နည်းပြဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ဗီလီဆာပိုပေါ့ဗ်ကို စာချုပ်လျော်ကြေ...


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဗီယက်နမ်ကလပ် ဗီရက်တယ်အသင်း (The Cong-Viettel) ၏ နည်းပြဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ဗီလီဆာပိုပေါ့ဗ်ကို စာချုပ်လျော်ကြေးပေး၍ မြန်မာ့လက်ရွေးစင်အသင်းချုပ်အဖြစ် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗီယက်နမ်အစိုးရပိုင် နန်ဒန်းသတင်းစာက ဖော်ပြခဲ့သည်။ လာမည့် ဇူလိုင်လတွင် ကျင်းပမည့် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား (ASEAN Championship) ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ရည်ရွယ်၍ ယခင်က မြန်မာ ယူ-၂၂ အသင်းကို တာဝန်ယူခဲ့ဖူးသည့် ပိုပေါ့ဗ်ကို ပြန်လည်ခေါ်ယူလိုခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းနှင့် ဗီရက်တယ်အသင်းတို့၏ စာချုပ်မှာ ၂၀၂၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါနည်းပြသည် ယခုရာသီ ဗီလိဂ်တွင် ဗီရက်တယ်အသင်းကို အဆင့် (၃) နေရာသို့ ပို့ဆောင်ပေးထားပြီး လက်ရှိတွင် ကလပ်အသင်း၏ လက်ကျန်ပွဲစဉ်များကိုသာ အာရုံစိုက်ထားသော်လည်း ဇွန်လဆန်းတွင် ဗီလိဂ်ပြိုင်ပွဲပြီးဆုံးပါက MFF အနေဖြင့် ခေါ်ယူမှုများ စတင်ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။

news-view-count-icon

23