ထိုင်းနိုင်ငံ၊ ကရာဘီခရိုင်၊ ခေါင်ဖနွမ်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်၌ အသက် ၂၇ နှစ်အရွယ် သတို့သား မစ္စတာ အနုဖုံ နှင့် အသက် ၂၅ နှစ်အရွယ် သတို့သမီး မစ္စ နစ်တယာ တို့၏ မင်္ဂလာပွဲကို လယ်ထွန်စက် အစီး ၂၀ အသုံးပြု၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ စားအုန်းဆီနှင့် ရော်ဘာစိုက်ပျိုးသည့် တောင်သူမိသားစုမှဖြစ်သော သတို့သားသည် ၎င်း၏သူငယ်ချင်း တောင်သူများကိုပါ ဖိတ်ခေါ်၍ လယ်ထွန်စက်များဖြင့် သတို့သမီးအိမ်သို့ လှည့်လည်တောင်းရမ်းခဲ့ခြင်းဖြစ်ပြီး၊ လမ်းတစ်လျှောက်ရှိ ဒေသခံများ၏ စိတ်ဝင်တစား အားပေးမှုကို ရရှိခဲ့သည်။ သတို့သားသည် သတို့သမီးအတွက် တင်တောင်းငွေ ဘတ် ၅ သိန်း ပေးအပ်ခဲ့ပြီး၊ ၎င်းတို့နှစ်ဦးမှာ အန်စာတုံးကစားဝိုင်းတစ်ခုတွင် စတင်ဆုံတွေ့ခဲ့ကြခြင်းဖြစ်ကြောင်း နောက်ပြောင်ပြောဆိုကာ ပျော်ရွှင်စရာကောင်းသော မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြသည်။
Feb 24 • 2:32 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


