၂၀၂၆-၂၀၂၇ခုနှစ် အာရှကလပ်အသင်းပြိုင်ပွဲတွေမှာ မြန်မာလိဂ်ချန်ပီယံဖြစ်တဲ့အသင်းဟာ အနိမ့်ဆုံးပြိုင်ပွဲဖြစ်တဲ့ AFC Challenge league ပြိုင်ပွဲမှာတောင် ခြေစစ်ပွဲကနေ စတင်ပြီးကစားရတော့မှာဖြစ်ပါတယ် ။ယခင်နှစ်တွေက မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအသင်းကတိုက်ရိုက်ဝင်ခွင့်ရပြီး အဆင့်(၂)နေရာကအသင်းက ခြေစစ်ပွဲကစားရတဲ့အခြေနေကနေ ယခုလာမည့်ပြိုင်ပွဲမှာတော့ ချန်ပီယံအသင်းတစ်သင်းထဲကသာ ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရတော့မှာဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ရာသီမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ရလာဒ်ဆိုးရွားမှု ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ခြေစစ်ပွဲအဆင့်က ထွက်ခွာရမှုတွေကြောင့်ဖြစ်ပါတယ်။ကမ္ဘောဒီးယားလိဂ်ကတောင် တစ်သင်းတိုက်ရိုက် တစ်သင်းခြေစစ်ပွဲဆိုပြီး နှစ်သင်းဝင်ခွင့်ရရှိနေတာဖြစ်ပါတယ် ၂၀၂၅-၂၀၂၆ ရာသီမှာလည်း မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်ဟာ ကမ္ဘောဒီးယားလိဂ်ချန်ပီယံအသင်းကို ကို့အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ရတဲ့အခြေနေဖြစ်တာကြောင့် ရမှတ်တွေဆုံးရှုံးပြီး အဆင့်ကျဆင်းခဲ့ရတာဖြစ်ပါတယ်။



