စစ်ကိုင်းတိုင်း၊ကလေးမြို့ကို ပျံသန်းပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ခရီးစဉ်အားလုံးကို တစ်လကြာ ယာယီရပ်နားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲများ ကြုံတွေ့နေရပါတယ်။ဖေဖော်ဝါရီ ၂၂ ရက်ကစပြီး ရန်ကုန်-ကလေးနဲ့ မန္တလေး-ကလေး အသွားအပြန် ခရီးစဉ်တွေကို မတ်လ ၂၂ ရက်နေ့အထိ ရပ်နားထားမယ်လို့ MNA ဘက်က အသိပေးထားပါတယ်။အခုလို ရုတ်တရက် တစ်လတိတိ မပြေးဆွဲတော့တာကြောင့် လက်မှတ်ကြိုတင်ဝယ်ယူထားသူတွေ အထူးသဖြင့် အလုပ်ကိစ္စ၊ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေ သွားရမယ့်သူတွေ ပိုပြီး အခက်တွေ့နေရတယ်လို့ သိရပါတယ်။လက်ရှိမှာ လေကြောင်းခရီးစဉ် မရှိတော့တာကြောင့် တချို့ခရီးသည်တွေဟာ ကားလမ်းကြောင်းကို ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေကြရပြီး ကုန်ကျစရိတ်နဲ့ အချိန်ပိုင်းဆိုင်ရာ အခက်အခဲတွေကိုလည်း ကြုံတွေ့နေရပါတယ်။



