ယခုနှစ် ရှမ်းပြည်နယ်၊ပေါင်းလောင်းဒေသကျေးရွာများရှိ နနွင်းစိုက်တောင်သူများဟာ ပြီးခဲ့တဲ့နှစ်တွေထက် ကင်းရှည်နနွင်း စျေးကောင်းပိုမိုရရှိသော်လည်း နနွင်းပိုးကျမှုဟာ ယခင်နှစ်တွေထက်ပိုဆိုးလာတာကြောင့် အရူံးများနေတယ်လို့ သိရှိရပါတယ်။
ပေါင်းလောင်းဒေသဟာ နနွင်းအမျိုးမျိုးစိုက်ပျိုးတဲ့ဒေသဖြစ်ပြီး ကင်းရှည်နနွင်းစျေးနှုန်းဟာ အခြားနနွင်းစျေးနှုန်းများထက်ပိုမိုစျေးကောင်းရရှိနေတယ်လို့ နနွင်းစိုက်တောင်သူများထံမှ ကြားသိရပါတယ်။လက်ရှိနနွင်းစျေးနှုန်းများမှာ ကင်းရှည်နနွင်းတစ်ပိဿာလျှင် ၁၅,၀၀၀ကျပ်၊ ချင်းနနွင်းတစ်ပိဿာလျှင် ၄,၀၀၀ကျပ်၊ မိုင်းလုံးနနွင်းတစ်ပိဿာလျှင် ၆,၀၀၀ကျပ်အစရှိသဖြင့် နနွင်းစျေးနှုန်းအမျိုးမျိုးရရှိနေတယ်လို့လည်း ကြားသိရပါတယ်။ထို့ကြောင့်စျေးကောင်းပိုမိုရရှိသောကင်းရှည်နနွင်းစိုက်တောင်သူများအနေဖြင့် နောင်လာမည့်နှစ်တွေမှာ နနွင်း ပိုးမကျအောင် ကာကွယ်ရမယ့် နည်းလမ်းကောင်းများလိုအပ်ကြောင်း နနွင်းစိုက်တောင်သူအများစုထံမှ ကြားသိလာရပါတယ်။


