သရုပ်ဆောင် လွင်မိုးဟာ ဇနီး၊ သမီးနှင့် မြေးတို့ပါဝင်တဲ့ ဘုရားဖူးခရီးစဉ်တစ်ခုကို ထွက်လာခဲ့ပါတယ်။ ဗုဒ္ဓဂါယာဘုရားဖူးရန်အတွက် အိန္ဒိယနိုင်ငံသို့ ထွက်လာခဲ့ကြတာဖြစ်ပြီး ဘာသာရေးကိုလိုက်စားတဲ့ သူတို့မိသားစုအတွက်တော့ ကုသိုလ်ဖြစ်ထွန်းမယ့် ခရီးစဉ်လေးလည်းဖြစ်ပါတယ်။ သူတို့မိသားစုဟာ မအားလပ်တဲ့ကြားထဲက အွန်လိုင်းတရားစခန်းတွေကိုလည်း မကြာခဏ ဝင်ရောက်ကြတာတွေ့ရပါတယ်။



