back

လုံခြုံရေးအခြေအနေများကြောင့် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ပလင်းကမ်းသာယာဆင်စခန်းယာယီပိတ်ခဲ့ရ

Feb 23 • 4:58 PM

breaking-news

Myanmar

Mandalay

cover

လုံခြုံရေးအခြေအနေများကြောင့် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ပလင်းကမ်းသာယာဆင်စခန်းယာယီပိတ်ခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသော ပလင်းကမ်းသာယာဆင်စခန်းကို လက်ရှိတွ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသော ပလင်းကမ်းသာယာဆင်စခန်းကို လက်ရှိတွင် လုံခြုံရေးအခြေအနေများကြောင့် ယာယီပိတ်သိမ်းထားခဲ့ရကြောင်း အဆိုပါဆင်စခန်းမှ သိရသည်။ထိုကဲ့သို့ ယာယီပိတ်သိမ်းလိုက်ရသည့်အကြောင်းကိုလည်း အဆိုပါစခန်းတာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်၌အသိပေး ပြောဆိုထားသည်။ထိုစခန်းအတွင်း အသက် သုံးနှစ်မှ အသက်၂၇ နှစ်အရွယ်ရှိသော ဆင်ကောင်ရေ စုစုပေါင်း ရှစ်ကောင်ဝန်းကျင်ရှိပြီး ပုဂံညောင်ဦးသို့ ဘုရားဖူးလာရောက်သော ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များ လာရောက်လေ့ရှိရာ ဆင်စခန်းလည်း ဖြစ်သည်။ ဆင်စခန်းအတွင်းသို့ အပန်းဖြေလေ့လာသူ များပြားခဲ့သလို မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ဆင်စခန်း ၂၀ ကျော်အနက်တွင် အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းမှာ ဧည့်သည်ဝင်ရောက်မှုအများဆုံး ဆင်စခန်းလည်း ဖြစ်ခဲ့ကြောင်း သိရသည်။






news-view-count-icon

17