အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ် (၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းအတွက် တင်ဒါခေါ်ယူထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရပါတယ်။အဆိုပါတင်ဒါအရ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင်မှ အောင်မင်္ဂလာလမ်း ညာဘက်တစ်လျှောက်(အမှတ် - ၁ ဂိတ် အဝင်မှ မုံရွာလမ်းအထိ )၌ လာရောက်ရပ်နားသည့် ယာဉ်ငယ်များအား ယာဉ်ရပ်နားခ ကောက်ခံသည့်လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ထို့ကြောင့် စိတ်ပါဝင်စားသည့် လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၆ လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(၁၂)ထပ်ခွဲရုံး၊ (၇)လွှာရှိ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း သိရပါတယ်။တင်ဒါပုံစံများကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ လာမည့် မတ်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်အထိ ရောင်းချပေးမှာဖြစ်ပြီး တင်ဒါကျင်းပမည့်ရက်ကို လာမည့် မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။



