ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်ကကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့် ငါးနှစ်အရွယ် ကလေးငယ် ကားဘီးဖြင့်ကြိတ်မိကာ သေဆုံးခဲ့သည်ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းထံမှ သိရသည်။YBS ယာဥ်နှင့်ကြိတ်မိကာ သေဆုံးခဲ့သည့် ကလေးငယ်မှာ ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ အလောင်းကို ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ရယူပြီး သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်းထံမှ သိရသည်။



