back

စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

Feb 23 • 2:22 PM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာ​ဖြေဌာနကို သ...

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာ​ဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ​ဖြစ်တယ်လို့ သိရပါတယ်။ခုံနံပါတ် ၊ ဖြေဆိုခွင့်ကတ်တွေ ထွက်ပြီးသား ကျောင်းသားကျောင်းသူတွေကို စာမေးပွဲဖြေဆိုခွင့်မပေးတာကြောင့် ကျောင်းသားတွေအတွက် နစ်နာမှုရှိတဲ့အတွက် ကလေးမိဘတွေက ကျေနပ်မှုမရှိကြောင်းနဲ့ ခုလိုလုပ်တာဟာ မူဝါဒအရမဟုတ်ဘဲ ထက်ကိုယ်ပိုင်ကျောင်းအပေါ် ပုဂ္ဂိုလ်ရေးအရ လုပ်တာဖြစ်တယ်လို့ ယူဆကြောင်း ကျောင်းအုပ်ကြီးက ဆိုပါတယ်။




news-view-count-icon

50