back

ထောင်နှင့်ချီသော မတ္တရာမြို့ပေါ်မှဒေသခံများ နေရပ်ပြန်လည်ရွှေ့ပြောင်းလာကြ

Feb 23 • 1:01 PM

breaking-news

Myanmar

Mandalay

cover

ထောင်နှင့်ချီသော မတ္တရာမြို့ပေါ်မှဒေသခံများ နေရပ်ပြန်လည်ရွှေ့ပြောင်းလာကြ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ပေါ်မှ ထောင်နှင့်ချီသောဒေသခံများမှာ မိမိတို့နေရပ်သို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်မှုများ ပြုလုပ်လာခဲ့သော်လည်း လျှပ်စစ်ဓာတ်အားနှ...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ပေါ်မှ ထောင်နှင့်ချီသောဒေသခံများမှာ မိမိတို့နေရပ်သို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်မှုများ ပြုလုပ်လာခဲ့သော်လည်း လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေအခက်အခဲအချို့ ကြုံတွေ့မှုများရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။မတ္တရာဒေသခံ ၃၀၀၀၀ ထက်မနည်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက မြို့မှယာယီစွန့်ခွာခဲ့ရခြင်းဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် နေရပ်ကိုပြန်လည်နေထိုင်ရန် ပြန်လည်ပြောင်းရွှေ့မှုများလုပ်ဆောင်နေကြခြင်း ဖြစ်သည်။လက်ရှိအချိန်တွင် နေရပ်ကိုပြန်လည်ဝင်ရောက်နေထိုင်သူ ၅၀၀၀ ထက်မနည်းရှိနေပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် သောက်သုံးရေမရရှိမှုများကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုကြသည်။



news-view-count-icon

13