back

တရုတ်ပြည်သူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သမ္မတရှီ၏ ခရီးစဉ်များအကြောင်း ဒုတိယတွဲ စာအုပ်ကို ပုံနှိပ်ထုတ်ဝေ

Feb 23 • 3:13 AM

breaking-news

China

Local News

cover

တရုတ်ပြည်သူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သမ္မတရှီ၏ ခရီးစဉ်များအကြောင်း ဒုတိယတွဲ စာအုပ်ကို ပုံနှိပ်ထုတ်ဝေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အနေဖြင့် ၎င်း၏ ပြည်တွင်း လေ့လာစစ်ဆေးရေး ခရီးစဉ်များအတွင်း ပြည်သူများနှင့် ရင်းရင်းနှီးနှီး...

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အနေဖြင့် ၎င်း၏ ပြည်တွင်း လေ့လာစစ်ဆေးရေး ခရီးစဉ်များအတွင်း ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောဆိုခဲ့ပုံများကို ဖော်ပြထားသည့် ဒုတိယတွဲစာအုပ်ကို တရုတ်အမျိုးသမီး ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။ရှီက ပြည်သူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ကာ ၎င်းတို့၏ နေရေးထိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းပြောဆိုခဲ့စဉ်က မိသားစုများ၊ ကျေးရွာများနှင့် လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံမေးမြန်းမှု ၃၂ ကြိမ် ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို အဆိုပါ ဒုတိယတွဲစာအုပ်၌ ရှင်းလင်းပြည့်စုံစွာ ပြန်လည်စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယင်းစာအုပ်အား တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ်က စီစဉ်ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

6