back

ထိုင်းနိုင်ငံ၊Lopburi မှာ မျောက်တွေဆိုးနေလို့ ထိန်းသိမ်းစရိတ် ရန်ပုံငွေရှာနေ

Feb 23 • 3:12 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊Lopburi မှာ မျောက်တွေဆိုးနေလို့ ထိန်းသိမ်းစရိတ် ရန်ပုံငွေရှာနေ

ထိုင်းနိုင်ငံ Lopburi က အစိုးရ အရာရှိတွေရဲ့ တောင်းဆိုချက်အရ လက်ရှိမှာ မျောက်တွေ အဆမတန်တိုးပွားလာတဲ့အတွက် လူတွေတောင်နေရတာ အခက်အခဲဖြစ်လာပြီး ဒီမျောက်တွေကို ထိန်းသ...

ထိုင်းနိုင်ငံ Lopburi က အစိုးရ အရာရှိတွေရဲ့ တောင်းဆိုချက်အရ လက်ရှိမှာ မျောက်တွေ အဆမတန်တိုးပွားလာတဲ့အတွက် လူတွေတောင်နေရတာ အခက်အခဲဖြစ်လာပြီး ဒီမျောက်တွေကို ထိန်းသိမ်းကန့်သတ်ဖို့ ကိစ္စ ဗဟိုအစိုးရအထိ နားပေါက်လာပါပြီ။လက်ရှိမှာမျောက်တွေက အိမ်တွေထဲ ဝင်တာ၊ လူတွေကိုတိုက်ခိုက်တာ၊ ဆိုင်ထဲက ပစ္စည်းတွေကို ဖျက်ဆီးတာတွေအထိလုပ်နေတဲ့အတွက် တချို့ လုပ်ငန်းဆိုင်တွေဆို မြို့ပြင်ထွက်ပြီးရောင်းနေရတယ်လို့ဆိုပါတယ်။ မြို့ကြီးကလည်း ခြောက်ကပ်နေပါပြီ။လက်ရှိအစီအစဥ်ကတော့ မျောက်တွေကို နေရာခွဲ ထိန်းစိမ်းထားမှာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး ဌာနက တာဝန်ရှိသူတွေက အနီးကပ်စောင့်ရှောက်ပေးတာ၊ သားကြောဖြတ်တာတွေလုပ်ပြီး စနစ်တကျလုပ်ဆောင်သွားဖို့ရှိနေပါတယ်။

news-view-count-icon

17