back

တရုတ်နိုင်ငံ၏ ဟိုင်နန် FTP ၌ ပထမဆုံး နွေဦးပွဲတော်ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှုတို့ တစ်ဟုန်ထိုး တိုးတက်လာ

Feb 23 • 3:10 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ ဟိုင်နန် FTP ၌ ပထမဆုံး နွေဦးပွဲတော်ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှုတို့ တစ်ဟုန်ထိုး တိုးတက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း အပူပိုင်းဒေသဖြစ်သည့် ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၌ အထူးအကောက်ခွန် လုပ်ငန်းများ စတင်ဆောင်ရွက်ခ...

တရုတ်နိုင်ငံ တောင်ပိုင်း အပူပိုင်းဒေသဖြစ်သည့် ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၌ အထူးအကောက်ခွန် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ပထမဆုံး နွေဦးပွဲတော် အားလပ်ရက်အတွင်း အဆိုပါကျွန်းပြည်နယ်သည် ခရီးသွားဧည့်သည်များအကြား လူကြိုက်များရေပန်းစားသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့ကာ ခရီးသွားလုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှု ဈေးကွက်များကိုလည်း အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးလျက်ရှိသည်။ပြည်နယ်မြို့တော် ဟိုင်ခိုရှိ အထင်ကရ ချီလို ရှေးခေတ်လမ်း၌ အနီရောင်မီးပုံးများကို အစီအရီ ချိတ်ဆွဲထားခြင်းက ပျော်ရွှင်မြူးထူးဖွယ် အငွေ့အသက်များကို ဖြည့်တင်းပေးလျက်ရှိသည်။ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များက သမိုင်းဝင် ဆွဲဆောင်မှုနှင့် ရွှင်မြူးပျော်ရွှင်ဖွယ်ရာများ လွှမ်းခြုံထားသည့် ထိုလမ်းမတစ်လျှောက်တွင် အေးအေးလူလူ လမ်းလျှောက်နေကြသည်။ ဟိုင်နန် FTP ၏ အထင်ကရ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် အကောက်ခွန်ကင်းလွတ်သည့် ဈေးဝယ်ထွက်မှုများသည်လည်း အားလပ်ရက်ကာလအတွင်း တစ်ဟုန်ထိုးမြင့်မားလာခဲ့သည်။

news-view-count-icon

10