back

မလေးရှား မြောက်ပိုင်း ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်လှုပ်

Feb 23 • 2:27 AM

breaking-news

Malaysia

Local

cover

မလေးရှား မြောက်ပိုင်း ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်လှုပ်

မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ဘော်နီယို ကျွန်းမှာရှိတဲ့ ဆာဘားပြည်နယ်ရ...

မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ဘော်နီယို ကျွန်းမှာရှိတဲ့ ဆာဘားပြည်နယ်ရဲ့ ကမ်းလွန်ရေပြင်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက ငလျင်လှုပ်ခဲ့တာပါ။ ငလျင်ရဲ့ ဗဟိုချက်ဟာ ပြည်နယ်မြို့တော် ကိုတာ ကီနာဘူလာရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၁၀၀ ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။ငလျင်ရဲ့ ပြင်းအားက များပေမယ့် ပင်လယ်ရေမျက်နှာပြင်အောက် ကီလိုမီတာ ၆၂၀ နီးပါးလောက်ထိ နက်နက်ရှိုင်းရှိုင်း ဦးတည်ခဲ့တာကြောင့် မြေပြင်ပေါ်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ခြေကို လျော့ကျစေခဲ့ပါတယ်။ နောက်ပြီး ငလျင်ရဲ့ ပြင်းအားက များတဲ့တိုင်အောင် အဲဒီလောက် အနက်မှာ ဗဟိုပြုတဲ့အခါ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ခြေလည်း မရှိဘူးလို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိ အချိန်ထိ ငလျင်ကြောင့် ဆိုးရွားတဲ့ ပျက်စီးမှုနဲ့ ထိခိုက်သေကြေမှု သတင်းတွေ မကြားရသေးပေမယ့် ငလျင်ရဲ့ လှုပ်ခတ်မှုကိုတော့ အနီးတဝိုက် ဒေသအတော်များများက သိရှိခံစားခဲ့ရပါတယ်။

news-view-count-icon

9