back

စင်ကာပူမှာ ဆရာဝန် လိုအပ်ချက်ကြောင့် နိုင်ငံခြားဆေးတက္ကသိုလ် အသိအမှတ်ပြုမှုတွေ တိုးချဲ့

Feb 23 • 2:17 AM

breaking-news

Singapore

Local News

cover

စင်ကာပူမှာ ဆရာဝန် လိုအပ်ချက်ကြောင့် နိုင်ငံခြားဆေးတက္ကသိုလ် အသိအမှတ်ပြုမှုတွေ တိုးချဲ့

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ဆရာဝန်ပေါင်း ၁၇,၅၈၂ ဦး ရှိနေပြီး အဲဒီထဲက ၇၈ ရာခိုင်နှုန်းဟာ စင်က...

စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ဆရာဝန်ပေါင်း ၁၇,၅၈၂ ဦး ရှိနေပြီး အဲဒီထဲက ၇၈ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ကျန်ရှိတဲ့ ၁၅ ရာခိုင်နှုန်းက အမြဲတမ်းနေထိုင်ခွင့်ရသူ (PR) တွေဖြစ်ပြီး ၇ ရာခိုင်နှုန်းကတော့ နိုင်ငံခြားသား ဆရာဝန်တွေ ဖြစ်ပါတယ်။ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ စင်ကာပူနိုင်ငံအတွင်းမှာပဲ ဆေးပညာသင်ကြားခဲ့သူတွေဖြစ်ပြီး ပြည်ပမှာ ဆေးပညာသင်ယူခဲ့တဲ့ ဆရာဝန် ၇,၁၅၀ ဦး ရှိပါတယ်။ ထူးခြားတာက အဲဒီပြည်ပဘွဲ့ရ ဆရာဝန်တွေထဲမှာ တစ်ဝက်ကျော်ဟာ စင်ကာပူနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ပညာသင်ကြားပြီးမှ မိခင်နိုင်ငံကို ပြန်လာပြီး အလုပ်အကျွေးပြုနေကြသူတွေ ဖြစ်တာကို တွေ့ရပါတယ်။စင်ကာပူအစိုးရအနေနဲ့ နိုင်ငံခြားဆေးတက္ကသိုလ် ဘွဲ့လက်မှတ် အသိအမှတ်ပြုစာရင်းကိုလည်း တိုးချဲ့သတ်မှတ်လိုက်ပါတယ်။

news-view-count-icon

15