back

စင်ကာပူ Lucky Plaza Food court မှာ ကြွက်ပြေးနေတဲ့ ဗီဒီယိုကြောင့် SFA စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

Feb 23 • 2:16 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Lucky Plaza Food court မှာ ကြွက်ပြေးနေတဲ့ ဗီဒီယိုကြောင့် SFA စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး shopping mall တစ်ခုဖြစ်တဲ့ Orchard Road က Lucky Plaza အတွင်းမှာရှိတဲ့ Foodcourt ရဲ့ စားပွဲပေါ်မှာ ကြွက်တစ်ကောင် ပြေးလွှားနေတဲ့ ဗီဒီ...

စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး shopping mall တစ်ခုဖြစ်တဲ့ Orchard Road က Lucky Plaza အတွင်းမှာရှိတဲ့ Foodcourt ရဲ့ စားပွဲပေါ်မှာ ကြွက်တစ်ကောင် ပြေးလွှားနေတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့တာကြောင့် စင်ကာပူအစားအသောက်အေဂျင်စီ (SFA) က အရေးတကြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်းက Reddit လူမှုကွန်ရက်ပေါ်မှာ စတင်ပြန့်နှံ့ခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာတော့ ကြွက်တစ်ကောင်ဟာ စားပွဲပေါ်က အစားအသောက်တွေကို နမ်းရှုံ့နေပြီး စားပွဲတစ်လျှောက် ပြေးလွှားနေတာကို မြင်တွေ့ရပါတယ်။ မကြာခင်မှာပဲ တခြားအမျိုးသားတစ်ဦး ရောက်လာပြီး စားပွဲခင်းတစ်ခုနဲ့ အဆိုပါကြွက်ကို အုပ်ဖမ်းပြီး ဖယ်ရှားပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Lucky Plaza ရဲ့ Basement 1 မှာရှိတဲ့ Asian Food Mall စားသောက်တန်း တာဝန်ရှိသူတွေက ရှင်းလင်းရာမှာတော့ ဒီကိစ္စကို သိသိချင်းပဲ ချက်ချင်း အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ကြွက်နဲ့ ထိတွေ့မိသွားတဲ့ အစားအသောက်တွေကို ဖယ်ရှားပစ်ခဲ့သလို ဝယ်ယူသူအတွက်လည်း အစားအသောက်အသစ် ပြန်လည်လဲလှယ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေရာတစ်ဝိုက် ကိုလည်း ပိုးသတ်သန့်စင်တာတွေ လုပ်ဆောင်ခဲ့သလို ပိုးမွှားထိန်းချုပ်ရေး ကျွမ်းကျင်သူတွေနဲ့လည်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။စင်ကာပူအစားအသောက်အေဂျင်စီ (SFA) ကတော့ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ရင် အလေးအနက်ထား ကိုင်တွယ်လေ့ရှိတာကြောင့် အခုဖြစ်စဉ်ကို သေချာစစ်ဆေးနေပြီး အထောက်အထား ခိုင်လုံရင် အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

news-view-count-icon

8