back

ပြည်တွင်း၌ ထိုင်းကုန်ပစ္စည်းအများစု ဆိုးရွားစွာ ပြတ်လပ်လာ

Feb 23 • 2:14 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ထိုင်းကုန်ပစ္စည်းအများစု ဆိုးရွားစွာ ပြတ်လပ်လာ

ထိုင်း-မြန်မာနယ်စပ်က ဝင်ရောက်နေတဲ့ ထိုင်းကုန်ပစ္စည်းအများစု အဆိုးရွားဆုံး ပြတ်လပ်သွားပြီလို့ ကုန်သည်တွေက ပြောပါတယ်။ ထိုင်းကုန်ပစ္စည်းတွေကို ကရင်ပြည်နယ်၊ မွန်ပြည...

ထိုင်း-မြန်မာနယ်စပ်က ဝင်ရောက်နေတဲ့ ထိုင်းကုန်ပစ္စည်းအများစု အဆိုးရွားဆုံး ပြတ်လပ်သွားပြီလို့ ကုန်သည်တွေက ပြောပါတယ်။ ထိုင်းကုန်ပစ္စည်းတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပြင် ပဲခူးတိုင်းအဝင်တွေမှာကအစ ပိတ်ဆို့ဖမ်းဆီး အရေးယူနေတဲ့အတွက် ကုန်သည်အများစု ထိုင်းကုန်ပစ္စည်း မတင်သွင်း ရဲကြတော့တာလည်းဖြစ်ပါတယ်။အခုလို ထိုင်းကုန်ပစ္စည်းတွေကို ကုန်သည်တွေက မတင်သွင်း ရဲကြတော့တဲ့အတွက် ဒေသတွင်း လိုအပ်တဲ့ အခြေခံ စားသောက်ကုန် အပါအဝင် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကအစ ဈေး ကွက်အတွင်း အများစု ပြတ်လပ်လာကြတာ ဖြစ်ပါတယ်။ဒါ့အပြင် ထိုင်းကုန်ပစ္စည်းတချို့ ဟာ မှောင်ခို ဝင်ရောက်မှု ရှိပေမယ့် ပစ္စည်းဈေးနှုန်း အရင်ထက် ၃ ဆ ၊ ၄ ဆ လောက် မြင့်တက်လာတာကြောင့် အရင်လို မသုံးစွဲ နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

news-view-count-icon

34