back

ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့် ဟာရီကိန်းကို ဘိုင်ယန်အသင်း ဂုဏ်ပြု

Feb 23 • 2:11 AM

breaking-news

Myanmar

International

cover

ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့် ဟာရီကိန်းကို ဘိုင်ယန်အသင်း ဂုဏ်ပြု

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဝါဒါဘရီမင်နဲ့ပွဲမှာ ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ဖရန့်ဖတ်နဲ့ ပွဲမစခင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခ...

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဝါဒါဘရီမင်နဲ့ပွဲမှာ ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ဖရန့်ဖတ်နဲ့ ပွဲမစခင်

ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ဟာရီကိန်းဟာ ဝါဒါဘရီမင်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့

ပွဲမှာ ကစားသမားဘ၀ ၄၉၉ ဂိုးနဲ့ ဂိုး ၅၀၀ မြောက်တွေ သွင်းယူခဲ့တာဖြစ်တယ်။၎င်းရဲ့သွင်းဂိုး ၅၀၀ မှာ စပါးအတွက် ဂိုး ၂၈၀၊

ဘိုင်ယန်အတွက် ၁၂၆ ဂိုး၊ အင်္ဂလန်လက်ရွေးစင်အတွက် ၇၈ ဂိုး၊ မီဝေါလ်အတွက် ကိုးဂိုး၊လေတန်အတွက် ငါးဂိုး၊ လက်စတာအတွက် ၂ ဂိုး ရှိခဲ့ပါတယ်။ဟာရီကိန်း(၃၂ နှစ်)အနေနဲ့ ဖရန့်ဖတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း နှစ်ဂိုးထပ်သွင်းခဲ့လို့ စုစုပေါင်း ၅၀၂ ဂိုးအထိ ရှိလာခဲ့ပါတယ်။၎င်းဟာ ဘိုင်ယန်အသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၂၈ ဂိုး သွင်းယူထားပါတယ်။အခုရာသီမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုးစုစုပေါင်း ၄၃ ဂိုးအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။

news-view-count-icon

27