မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယူ- ၁၆ မျိုးဆက်သစ်လူငယ်ကစားသမားများ ရွေးချယ်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြုလုပ်သွားဖို့ရှိနေပြီး ဝင်ရောက်ရွေးချယ်ခံလိုသူ လူငယ်ကစားသမားများအနေနဲ့ MFF ရဲ့ နီးစပ်ရာ တိုင်းနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။MFF ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပထမအဆင့်အဖြစ် ထူးချွန်မျိုးဆက်သစ်လူငယ်ကစားသမားများကို ရွေးချယ်ရေးနည်းပြအဖွဲ့များက ဆန်ခါတင်အဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကစားသမားရွေးချယ်ပွဲများကို မတ်လ (၁) ရက်ကနေ (၇) ရက်အထိ တိုင်းနှင့် ပြည်နယ်များမှာ ပြုလုပ်သွားမှာဖြစ်လို့ ဝင်ရောက်ရွေးချယ်ခံလိုတဲ့ လူငယ်ကစားသမားများဟာ မိမိတို့နေထိုင်ရာ မြို့နဲ့ နီးစပ်ရာ MFF ရဲ့ တိုင်းနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများထံ ဆက်သွယ်စာရင်းပေးသွင်းဖို့ လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။



