back

ကယန်းအမျိုးသားပညာရေးကော်မတီ ကျောင်းပြင်ပ ပညာရေး အရည်အချင်းစစ် စာမေးပွဲ ယနေ့ စတင်ပြီဖြစ်

Feb 23 • 2:09 AM

breaking-news

Myanmar

Kayah

cover

ကယန်းအမျိုးသားပညာရေးကော်မတီ ကျောင်းပြင်ပ ပညာရေး အရည်အချင်းစစ် စာမေးပွဲ ယနေ့ စတင်ပြီဖြစ်

ကယားပြည်နယ်၊ကယန်းအမျိုးသားပညာရေးကော်မတီ(KNEC)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒုတိယအကြိမ် ကျောင်းပြင်ပ ပညာရေးအတွက် အရည်အချင်းစစ် စာမေးပွဲကို ယနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မ...

ကယားပြည်နယ်၊ကယန်းအမျိုးသားပညာရေးကော်မတီ(KNEC)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒုတိယအကြိမ် ကျောင်းပြင်ပ ပညာရေးအတွက် အရည်အချင်းစစ် စာမေးပွဲကို ယနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း KNEC က အသိပေးကြေညာထားသည်။အဆိုပါ စာမေးပွဲကို နံနက် (၉)နာရီအချိန်တိုင်း ကယန်းအမျိုးသားပညာရေးတက္ကသိုလ်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။KNEC သည် ကယန်းဒေသအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသူများ အခွင့်အလမ်းရရှိရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဆုံးရှုံးခဲ့ရသော အနာဂတ်မျှော်လင့်ချက်များအတွက် ပြန်လည်ပြင်ဆင်နိုင်ရန်၊ အခြေခံပညာရေးတွင် ရလာဒ်နည်း၍ တက်ရောက်လိုသည့် တက္ကသိုလ် စံသတ်မှတ်ချက်များ ပြည့်မီရန် ပြန်လည်ကုစားခြင်းဖြင့် အဆင့်မြင့်ပညာရေးဆက်လက်တက်လှမ်းနိုင်ရန် ရည်ရွယ်၍ ကျောင်းပြင်ပ ပညာရေး အစီအစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

31