မေဂျာလိဂ် လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၆ ပြိုင်ပွဲ ရာသီအဖွင့်ပွဲမှာ
LAFCအသင်းကို ၀-၃ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ၊ ဒီပေါလ်တို့ ပွဲထွက်ကစားခဲ့ပြီး ဆွာရက်ဇ်ကတော့ ၈၁ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။LAFC ရဲ့ Line-up မှာတော့ ဆွန်ဟောင်မင်၊ လိုရစ်တို့ ပါဝင်ခဲ့ပါတယ်။မက်ဆီက ပွဲချိန်ပြည့်ကစားခဲ့ပြီး ဆွန်ဟောင်မင်က ၈၈ မိနစ်အထိ ကစားခဲ့ကြပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။LAFC ရဲ့ဂိုးတွေကို ဒေးဗစ်မာတီနက်ဇ်၊ ဘူအန်ဂါ၊ အော်ဒက်ဇ်တို့က သွင်းယူခဲ့ပါတယ်။LAFC အသင်းဟာ ရာသီအဖွင့် အိမ်ကွင်း ကိုးပွဲစလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


