ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၌ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဟင်းသီးဟင်းရွက်အထူးဇုန်(၅၀)ဧကဖော်ဆောင်ထားရာ စိုက်ခင်းကွင်းသရုပ်ပြပွဲအား ဖေဖော်ဝါရီ ၂၂ ရက်နံ နက်ပိုင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း တက်ရောက်ခဲ့သည်။အဆိုပါ အထူးဇုန်ဧက(၅၀)တွင် ခရမ်း၊ ခရမ်းချဉ်၊ င ရုတ်၊ ပန်းမုန်လာ၊ မြေထောက်ပဲ၊ ကန်စွန်းဥ၊ ဖူးစားပြောင်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးထားပြီး စိုက် ပျိုးရေရရှိရန် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စက်ရေတွင်း(၂၈)တွင်းကိုဆောင်ရွက်ပေးထားပြီးဖြစ်သည်။ထို့ပြင် ဒါးပိုင်ကျေးရွာ၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့်ရေရရှိရေးအတွက်လည်း ဆောင်ရွက်ပေးထားကာ စစ်တွေမြို့နယ်တွင် ဟင်းသီးဟင်းရွက်(ဆောင်း) (၁,၁၄၈)ဧက စိုက်ပျိုးခဲ့ပြီး ဒါးပိုင်ကျေးရွာတွင်(၁၂၈)ဧက စိုက်ပျိုးထားပြီးဖြစ်သည်။
Feb 23 • 2:06 AM
Myanmar
Rakhine
Share
| 28 | 0 | 0 | 0 |


