back

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး ပြည်ပသို့တင်ပို့ထား

Feb 23 • 1:43 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး ပြည်ပသို့တင်ပို့ထား

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နို...

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ၁၀ လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈,၁၃၅ ဒသမ ၀၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၁၅ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ် တန် ၈၁၅ ဒသမ ၇၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၄ သန်း ရရှိခဲ့တဲ့အတွက် ပြည်ပသို့ စုစုပေါင်းပုစွန်မက်ထရစ်တန် ၈,၉၅၀ ဒသမ ၈၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်ပသို့ပုစွန်တင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်ကာလတူက မက်ထရစ်တန် ၇,၀၂၈ ဒသမ ၄၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပုစွန်မက်ထရစ်တန် ၁,၉၂၂ ဒသမ ၄၄၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

22