မြန်မာ့ပုသိမ်ထီးကို ပြည်တွင်း၌ ဖဲထီးအပြောင်များ လူကြိုက်များပြီး ပြည်ပနိုင်ငံခြားသားများက မိုးရေစိုခံဆီစိမ်ထီးများကိုသာ ပိုကြိုက်ကြကြောင်း သိရသည်။ပြည်တွင်းသုံးအတွက် ထီးကိုတော့ အလွယ်တကူဝယ်ယူရရှိသော အဆင်ပြေတဲ့ဝါးကိုသာ ပြုလုပ် ရောင်းချပြီး ပြည်ပအတွက်ကိုတော့ အဆင့်မီဝါး၊ ကုန်ကြမ်းများနှင့်သာ ပြုလုပ်ကြကြောင်း သိရသည်။ပုသိမ်ထီးလုပ်ရာတွင် အသုံးပြုသော ဝါးကုန်ကြမ်းသည် သာပေါင်းမြို့အောက်ဘက် အနောက်ရိုးမတွင် ခုတ်ယူရရှိသည်ဟု သိရသည်။"အမတို့ကတော့ ပြည်ပမပို့နိင်တော့တာကြာပြီ၊ အရင်ကဆို ဂျာမနီ၊ပြင်သစ်အဲ့နိင်ငံကနေ (၈)ပေထီး အကြီးတွေ မှာကြတယ်။သူတို့ကျတော့ သေချာလုပ်ပေးရတယ်၊ အဲဒီလောက် ထီးအကြီးတွေအတွက် သုံးရမယ့်ကုန်ကြမ်းက ဝယ်လို့မရဘူးလေ ဒါကြောင့် မလုပ်တော့ဘူး"ဟု မြတ်ကျောင်းတော်ထီးလုပ်ငန်းက ပြောသည်။
Feb 23 • 1:42 AM
Myanmar
Local
Share
| 42 | 0 | 0 | 0 |


