စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့ ညပိုင်းက ခရီးသည်တင်ယာဉ် တစီး ပစ်ခတ်ခံရပြီး ယာဥ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့ည ၈ နာရီ၊ မိနစ် ၄ဝ ဝန်းကျင်က မုံရွာမြို့၊ သာစည်ဘုရား မုခ်ပေါက်အနီးမှာ ခရီးသည်တင် ကားတစီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီကားပေါ်မှာ ကားမောင်းသူနှင်သူ၊ ယာဉ်အကူ တယောက်နဲ့ ခရီးသည် လေးယောက် လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။“ပစ်ခတ်ခံရတဲ့ကားက မုံရွာနဲ့ ဗန်းမော် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းငယ်တခုက ကားပါ။ လမ်းမှားဝင်လာမိရင်း ပစ်ခတ်ခံရတာ။ သေဆုံးသွားတဲ့ ယာဉ်မောင်းကတော့ ဆားလင်းကြီးကလို့ သိရပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
Feb 23 • 1:41 AM
Myanmar
Sagaing
Share
| 14 | 0 | 0 | 0 |


