back

ရခိုင်တွင် ကုန်ဈေးနှုန်းဒဏ်ကြား အိမ်ထောင်ဦးစီးအမျိုးသမီးများ အကျပ်အတည်းဆိုက်နေ

Feb 23 • 3:14 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် ကုန်ဈေးနှုန်းဒဏ်ကြား အိမ်ထောင်ဦးစီးအမျိုးသမီးများ အကျပ်အတည်းဆိုက်နေ

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသော နယ်မြေ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေကြသူများထဲတွင် အိမ်ထောင်ဦးစီးမရှိသော အမျိုးသမီး များစွာပါဝင်နေပြီး မိသားစုဝမ်းရေး၊ ကျန်း...

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသော နယ်မြေ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေကြသူများထဲတွင် အိမ်ထောင်ဦးစီးမရှိသော အမျိုးသမီး များစွာပါဝင်နေပြီး မိသားစုဝမ်းရေး၊ ကျန်းမာရေး၊ ပညာရေးစသည် တို့အတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရသည်။ အလုပ်အကိုင်ရှားပါးသည့်အထဲ ကုန်ဈေးနှုန်းမှာကြီးမြင့်သဖြင့် ကြုံရာကျပန်းလုပ်ကိုင်၍ရသည့် တစ်နေ့ ဝင်‌ငွေသောင်းဂဏန်းနှင့် လိုက်မမီတော့သည့်အတွက် စားဝတ်နေရေးအကျပ်အတည်း ဆိုက်လာနေသည်ဟု ပြောဆိုကြသည်။ “မိသားစု စားဝတ်နေရေးအတွက် စကောရက်တဲ့ အလုပ်လုပ်ကိုင်ပါတယ်။ စကော တစ်ချပ်ကို ငွေကျပ် ၄,၀၀၀ ပဲ ရပါတယ်။ ဘယ်လိုမှ စားဝတ်နေရေးအတွက် မဖူလုံဘူး။ တစ်လဆိုရင် စကောချပ်၂၀ လောက်ပဲပြီးတယ်။ သားသမီးတွေများတော့ ဘယ်လိုမှ စားဝတ်နေရေးအတွက် မကာမိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေါ်လှသိန်းဖြူက ပြောသည်။ မိသားစုလူဦးရေများသည်အထဲ ဝင်ငွေလည်းအလွန်နည်းပါးသဖြင့် ၁၀ တန်းတက်မည့် သမီးဖြစ်သူကိုပါ ကျောင်းထုတ်ကာ လုပ်ငန်းခွင့်ထဲ ပို့ထားရသည်ဟု ဒေါ်လှသိန်းဖြူက ဆိုသည်။ အမျိုးသမီးတစ်ဦး၏ တစ်နေ့ဝင်ငွေမှာ အများဆုံး ၁၅,၀၀၀ ခန့်သာရှိနေပြီး ထိုဝင်ငွေဖြင့် ခြိုးခြုံချွေတာသုံးစွဲသော်လည်း မိသားစုတစ်ခု တစ်နေ့ စားသောက်ရေးမှာ မလောက်ငှသည့်အတွက် အခြားကျန်းမာရေး၊ သားသမီးပညာရေးတို့မှာ ထိခိုက်မှုရှိနေသည်။

news-view-count-icon

19