ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသတစ်နေရာမှာ အနာဂတ်ရတနာမူကြိုကျောင်းရဲ့ကျောင်းဆင်းပွဲအခမ်းအနားတစ်ခုကိုဖေဖော်၀ါရီလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ကျင်းပခဲ့ပါတယ် ။ အဲဒီအခမ်းနားကနေ မူကြိုကလေးငယ်တွေ တစ်နှစ်သာစာသင်နှစ်ပြီးမြောက်အောင်မြင်ခဲ့တဲ့ ကျောင်းသူ/သားတွေကိုအသိအမှတ်ပြုလက်မှတ်တွေ ၊ထူးချွန်ဆုပေးအပ်တာတွေအပြင် အလိမ္မာဆုံးဆုပေးအပ်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ အကဖျော်ဖြေတင်ဆက်တာတွေနဲ့အတူ အသင်းအဖွဲ့အသီးသီးရဲ့ပူးပေါင်းပါ၀င်မှုနဲ့ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
Feb 23 • 1:37 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


