back

Thank you Thailand"ဆိုတဲ့ Trend အသစ်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေအကြား ထိုင်းနိုင်ငံ ရေပန်းစားနေ

Feb 23 • 1:38 AM

breaking-news

Thailand

Local News

cover

Thank you Thailand"ဆိုတဲ့ Trend အသစ်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေအကြား ထိုင်းနိုင်ငံ ရေပန်းစားနေ

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အခုဆိုရင် “Thank You Thailand” ဆိုတဲ့ ဗီဒီယို Trend အသစ်တစ်ခု ရေပန်းစားနေပါတယ်။ ဒ...

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အခုဆိုရင် “Thank You Thailand” ဆိုတဲ့ ဗီဒီယို Trend အသစ်တစ်ခု ရေပန်းစားနေပါတယ်။ ဒီဗီဒီယိုလေးတွေဟာ သူတို့ရဲ့ ထိုင်းခရီးစဉ်အပြီးမှာ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးပျူငှာမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျေးဇူးတင်ကြောင်း အရိုအသေပေး ဂါရဝပြုပြီး၊ သူတို့ရဲ့ အမှတ်တရ ခရီးစဉ်အတွေ့အကြုံတွေကို ပျော်ပျော်ရွှင်ရွှင် ပြန်လည်မျှဝေထားတာပါ။ဒီဗီဒီယိုလေးတွေထဲမှာ ခရီးသွားတွေဟာ ထိုင်းမှာ ဘယ်နှစ်ရက်နေခဲ့လဲ၊ ခြေလှမ်းပေါင်း ဘယ်လောက် လျှောက်ခဲ့လဲ၊ ပိုက်ဆံ ဘယ်လောက်ကုန်ခဲ့လဲဆိုတာတွေကို အသေးစိတ် ပြောပြထားကြပါတယ်။ တချို့ဆိုရင် Tuk-tuk နဲ့ Grab ဘယ်နှစ်ခါစီးခဲ့လဲ၊ 7-Eleven ကို ဘယ်နှစ်ခါဝင်ခဲ့လဲ၊ ထိုင်းအနှိပ် ဘယ်နှစ်ကြိမ်ခံယူခဲ့လဲ၊ Pad Thai နဲ့ သရက်သီးကောက်ညှင်း ဘယ်နှစ်ပွဲစားခဲ့လဲဆိုတာတွေကိုပါ စာရင်းပြုစုပြီး ပြောပြကြတာပါ။ ပိုပြီး ရယ်စရာကောင်းတာက ခြင်ကိုက်ခံရတဲ့ အကြိမ်ရေနဲ့ အစားအသောက်ကြောင့် ဗိုက်နာခဲ့တာတွေကိုပါ ဟာသနှောပြီး ထည့်ပြောကြတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ ထိုင်းခရီးစဉ်ကနေ ရရှိခဲ့တဲ့ မမေ့နိုင်စရာ အမှတ်တရကောင်းတွေကို ပြောရင်း ဗီဒီယိုကို အဆုံးသတ်ကြပါတယ်။ဒီလိုဗီဒီယိုလေးတွေ ထွက်ပေါ်လာတဲ့အခါ ထိုင်းအင်တာနက်အသုံးပြုသူ (Netizens) တွေကလည်း ဝမ်းသာအားရ ကြိုဆိုနေကြပါတယ်။ ဒေသခံတွေ သတိမထားမိတဲ့ နိုင်ငံရဲ့ ကောင်းကွက်လေးတွေကို နိုင်ငံခြားသားတွေက အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ အထူးသဖြင့် ဒီနှစ်မှာ ဥရောပခရီးသွားတွေ အများအပြား ပြန်လည်ဝင်ရောက်လာတာကို တွေ့ရပြီး၊ ဧည့်သည်တွေကို ကောင်းမွန်စွာ ဧည့်ခံခြင်းနဲ့ အခွင့်အရေးမယူဘဲ ဆက်ဆံခြင်းက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် ကမ္ဘာအနှံ့ ကောင်းမွန်တဲ့ သတင်းစကားတွေကို ပျံ့နှံ့စေမှာဖြစ်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသည်းစွဲ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

news-view-count-icon

61