back

တောင်ကြီးနှင့် ဟိုပုံးထွက် စတော်ဘယ်ရီ ပွဲစား အရွေးလွန်မှုကြောင့် တောင်သူများ လွှင့်ပစ်ရ

Feb 22 • 4:31 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးနှင့် ဟိုပုံးထွက် စတော်ဘယ်ရီ ပွဲစား အရွေးလွန်မှုကြောင့် တောင်သူများ လွှင့်ပစ်ရ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးနှင့် ဟိုပုံးဘက်တွင် ယခု ရက်ပိုင်းအတွင်း စတော်ဘယ်ရီစျေးများ ဆက် တိုက် ကျဆင်းနေပြီး ဝယ်ယူသူ ပွဲစားများကလည်း အရည်အသွေးကို အလွန်အမင်...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးနှင့် ဟိုပုံးဘက်တွင် ယခု ရက်ပိုင်းအတွင်း စတော်ဘယ်ရီစျေးများ ဆက် တိုက် ကျဆင်းနေပြီး ဝယ်ယူသူ ပွဲစားများကလည်း အရည်အသွေးကို အလွန်အမင်း ရွေးချယ်လာသဖြင့် တောင်သူများ လွှင့်ပစ်နေရပြီး အခက်ကြုံရကြောင်း သိရသည်။စျေးနှုန်း ကျဆင်းနေသည့်အပြင် ပွဲစားများက အလုံးအရွယ်၊ အရောင်နှင့် အမာခံမှုတို့ကို တင်းကျပ်စွာ စစ်ဆေး ရွေးချယ်လာသဖြင့် စတော်ဘယ်ရီများ အချိန်မီ မရောင်းနိုင်ဘဲ ပုပ်သွားကာ လွှင့်ပစ်ရသည့် အခြေအနေအထိ ရောက်လာကြောင်း တောင်သူများက ဆိုသည်။ပွဲစားဘက်မှလည်း လက်ရှိဈေးကွက် အခြေအနေကြောင့် အရည်အသွေးကို မရွေးမဖြစ် ရွေးလာရကြောင်း ဆိုသည်။



news-view-count-icon

18