back

မန္တလေးမြို့တွင် ဆောက်လုပ်ရေးလုပ်ကိုင်နေစဥ် မဟာဓာတ်အားလိုင်းထိမိ၍ ဓာတ်လိုက်မှုဖြစ်ပွား

Feb 22 • 3:20 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့တွင် ဆောက်လုပ်ရေးလုပ်ကိုင်နေစဥ် မဟာဓာတ်အားလိုင်းထိမိ၍ ဓာတ်လိုက်မှုဖြစ်ပွား

မန္တလေးမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေစဥ် လျှပ်စစ်မဟာဓာတ်အားလိုင်းကြိုးကိုမတော်တဆထိမိ၍ ဓာတ်လိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။အောင်မြေသ...

မန္တလေးမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေစဥ် လျှပ်စစ်မဟာဓာတ်အားလိုင်းကြိုးကိုမတော်တဆထိမိ၍ ဓာတ်လိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်၊ လမ်း ၈၀၊ ၁၀ လမ်းနှင့် ၁၁ လမ်းကြားရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်က ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယင်းမတော်တဆမှုတွင် သံချောင်းနှင့် ထိခိုက်မိခဲ့သော မဟာဓာတ်အားလိုင်းမှာလည်း ထိခိုက်မှုတချို့ရှိခဲ့ခြင်းကြောင့် နောက်ဆက်တွဲမတော်တဆမှုများဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်းဒေသခံများက ပြောသည်။



news-view-count-icon

23