ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လေထုညစ်ညမ်းမှု အညွှန်းကိန်း (AQI Value) အမြင့်ဆုံး ၁၆၀ ရှိလာ နိုင်ပြီး၊ ရှမ်းပြည်မြောက်ပိုင်းမှ လားရှိုးမြို့တွင် ၁၇၅နှင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၁၃၀ ရှိနိုင်ခြင်းကြောင့် လေထုညစ်ညမ်းမှုသည် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး မကောင်းသူများ သတိပြုရမည့် လေထုညစ်ညမ်းမှု အညွှန်းကိန်းဖြစ် ကြောင်း သတိပေးထုတ်ပြန်ထားသည်။တချို့ဒေသများတွင် မွန်းလွဲ/ညနေပိုင်း အပူချိန်လျော့ကျသည့်အချိန်များတွင် ဝင်ရောက်လာသည့် တိမ်ထုအခြေအနေမူတည်ပြီး မိုးရွာနိုင်သော်လည်း မိုးရေချိန် နည်းပါး ကြောင်းသိရပါသည်။ယခင်တစ်ပတ်နှင့် နေ့အပူချိန်များ မကွာသော်လည်း ညအပူချိန် အနည်းငယ် လျော့ကျနိုင်ပြီး ညဘက် အအေးပိုနိုင် ကြောင်းသိရပါသည်။



