ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အ.ထ.က(၁)ကျောင်းတွင် ကျောင်းအုပ်ဆရာမက အကြောင်းအမျိုးမျိုးပြကာ ကျောင်းတွင်းစာမေးပွဲဖြေပြီးသွားသည့် ကျောင်းသား/သူများထံ ငွေကောက်ခံမှုပြုလုပ်နေသေးသည်။ စာမေးပွဲဖြေပြီးသည့် ကျောင်းသား/သူများထံ တစ်ယောက်(၅)ထောင်ကျပ်နှင့်အထက် သတ်မှတ်ကောက်ခံနေသောကြောင့် အဆင်မပြေသည့် ကျောင်းသားမိဘများက အခက်အခဲဖြစ်နေကြကြောင်းသိရသည်။ စာမေးပွဲဖြေခါနီးအတန်းများဖြစ်သည့် Grade-5/9/12 မှကျောင်းသား/သူများကိုလည်း ဖျာဝယ်ရန်/ဗီဒို/ဆေးသုတ်ရန်/ဆရာမကန်တော့ကြေး စသဖြင့်အမျိုးမျိုးကောက်ခံနေကြောင်း သိရသည်။



