back

အမှိုက်ကန်မရှိခြင်းကြောင့် ရေချောင်းတွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများနေ

Feb 22 • 1:39 PM

breaking-news

Myanmar

Shan

cover

အမှိုက်ကန်မရှိခြင်းကြောင့် ရေချောင်းတွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ချောင်းရှိသည့် ရပ်ကွက်နှင့် ချောင်းအောက်ဘက် ရပ်ကွက်များတွင် အမှိုက်ကန်မရှိခြင်းကြောင့် အမှိုက်များကို ချောင်းထဲ ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ချောင်းရှိသည့် ရပ်ကွက်နှင့် ချောင်းအောက်ဘက် ရပ်ကွက်များတွင် အမှိုက်ကန်မရှိခြင်းကြောင့် အမှိုက်များကို ချောင်းထဲ စည်းကမ်းမဲ့ စွန့်ပစ်နေပြီး၊ အမှိုက်ပစ်ရန် စနစ်တကျ အမှိုက်ကန်တစ်ခု ထားရှိပေးရန် တောင်းဆိုနေကြသည်။ဒေသခံများ၏ ပြောကြားချက်အရ ရေချောင်းအောက်ဖက် လမ်းကြောင်းများတွင် အမှိုက်သယ်ယူသည့် ယာဉ်များ မဝင်ရောက်နိုင်ခြင်းကြောင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ လွှင့်ပစ်စရာ အမှိုက်ပုံ သို့မဟုတ် အမှိုက်ကန် မရှိသည့်အတွက် လူအချို့က အနီးအနားရှိ ချောင်းများထဲသို့ စွန့်ပစ်နေရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ထို့ပြင် တချို့ရပ်ကွက်များတွင် အမှိုက်ကားလာ သော်လည်း၊ အမှိုက်ခွန်ဈေးကြီးသောကြောင့် ဒေသခံများအနေဖြင့် အမှိုက်များကို ရေချောင်းထဲ စည်းကမ်းမဲ့ စွန့်ပစ်နေမှုများနေသည်။




news-view-count-icon

32