အင်းလေးဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးမဟာမိတ်အင်အားစုများ စုပေါင်း၍ “အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ (Inle Region Liberation Organization – IRLO)” ကို ယနေ့ တွင် တရားဝင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။အဆိုပါအဖွဲ့တွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)၊ အင်းလေးဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (Boe Nyaung Shwe) နှင့် အင်းလေးဆေးအဖွဲ့ (Inle Medical Team) အပါအဝင် မဟာမိတ်အင်အားစုများ ပါဝင်ကြသည်။IRLO သည် အင်းလေးဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး တန်းတူညီမျှ ပါဝင်နိုင်သော ဒေသန္တရအုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော်သွားရန်နှင့် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။



