စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်း ၈ နာရီ၊ မိနစ် ၄ဝ ဝန်းကျင်က သာစည်ဘုရား မုခ်ပေါက်အနီးမှာ ခရီးသည်တင် ကားတစီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီကားပေါ်မှာ ကားမောင်းသူနှင်သူ၊ ယာဉ်အကူ တယောက်နဲ့ ခရီးသည် လေးယောက် လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညနေ ၆ နာရီဝန်းကျင်ကလည်း မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ ကံသာဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး တရက်အကြာမှ အလောင်းလာကောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။



