back

နေပြည်တော်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီး

Feb 22 • 12:59 PM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီး

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွ...

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက် မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။တပ်ကုန်းမြို့နယ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်စရစ်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၆ လုံး၊ ထုံးဖိုကျေးရွာရှိ အိမ်ခြေ ၄၃ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။အဲဒီလိုပဲ လယ်ဝေးမြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၃၈ ရွာက နေအိမ် ၂၃ လုံး ပြိုကျပျက်စီးခဲ့ကာ နေအိမ် ၃၀၅ လုံး

အမိုးလန် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။အဲဒီလိုပဲ ဒက္ခိဏသီရိမြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဇီးဖြူကုန်းကျေးရွာက နေအိမ် ကိုးလုံး၊ ညောင်ကုန်းကျေးရွာက နေအိမ် ခုနစ်လုံး၊ ဆည်စုကျေးရွာက နေအိမ် ၆၂ လုံး၊ ဒိုးနွယ်ကျေးရွာက နေအိမ် သုံးလုံး၊ စုစုပေါင်း ၈၁ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။




news-view-count-icon

35