ပုသိမ်မြို့ရေပေးဝေရေးစီမံကိန်းမှ နေ့စဥ်ရေဂါလံ၄ဒသမ၅သန်းကို အိမ်ထောင်စု ၁၄၀၀၀ကျော်အား ဖြန်ဖြူးပေးလျက်ရှိကြောင်း အဆိုပါစီမကိန်းတာဝန်ရှိသူများထံမှသိရသည်။ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်မှစတင်ကာ အုပ်စု ၃ စုခွဲ၍ နေ့စဥ်နံနက် ၈နာရီမှ ၁၁ နာရီအတွင်း တစ်နာရီ၊ ညနေ ၃ နာရီမှ ၅နာရီအတွင်း တစ်နာရီ ရေပေးဝေနေခြင်းဖြစ်ပြီး တစ်ယူနစ် ရေဂါလံ ၂၂၀ ဂါလံအတွက် ကျပ် ၆၀၀ သာ ရေမီတာစနစ်ဖြင့် ပေးသွင်းရကြောင်းသိရသည်။ ပုသိမ်မြို့ ရေပေးဝေရေးစီမံကိန်းသည် ငဝန်မြစ်ရေကို သောက်သုံး၍ရသည့်အဆင့်ထိ အဆင့်ဆင့်ပြန်လည်သန့်စင်ကာ အိမ်ခြေ(၂၅၁၉၄)သို့ နေ့စဥ် ရေဂါလန် (၄ဒသမ၅)သန်းအား သန့်ရှင်းသောသောက်သုံးရေ ဖြန်ဝေပေးရန် ဧရာဝတီတိုင်းစည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် Singa system co.ltd မှ ဒီဇိုင်းရေးဆွဲဆောင်ရွက်ခဲ့ပြီးAuthentic co.ltd မှ တည်ဆောက်ခဲ့ကြောင်း သိရသည်။



