ယနေ့ 22.2.2026 ရက် 11:30 AM ခန့်တွင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံ ဓမ္မာရုံလမ်းနေအိမ်တန်းလျားတစ်ခုတွင် အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ပြုတ်ကျနေကြောင်း ဖုန်းသတင်းပေးချက်အရ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့မှ၎င်း ဖြစ်စဥ်နေရာသို့ထွက်ခွာသွားခဲ့ပါသည်။ထို့နောက် သေဆုံးသွားသော အမျိုးသမီးအား ကြိုးများဖြင့်ချည်နှောင်ကာ ရေတွေင်းပြင်ပသို့ပြန်လည်ဆွဲတင်ပေးခဲ့ပါသည်ထပ်မံ၍ ၎င်း သေဆုံးသူအမျိုးသမီးအား တာဝန်ရှိသူများမှစစ်ဆေးမှတ်တမ်းယူပြီးသည့်နောက် အဖွဲ့မှနေ၍မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ကာဆရာဝန်များ၏အတည်ပြုချက်လက်မှတ်ရယူပြီးမော်လမြိုင်ဆေးရုံကြီးမှတဆင့်မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံသို့ထပ်မံပို့ဆောင်ကူညီပေးခဲ့ပါသည်။



