မန္တလေး-မြစ်ကြီးနားလမ်းကြောကို ကုန်သွယ်တဲ့ ၆ ဘီး၊ ၁၂ ဘီး ကုန်တင်ကားကြီးတွေ မြစ်ကြီးနားအထိရောက်ဖို့ တစ်လကျော်ကြာ အချိန်ယူဖြတ်သန်းနေရကြောင်း သိရပါတယ်။ ရွှေဘိုမြို့နယ်၊ ကိုးပင် စစ်ကော်မရှင်ဂိတ်မှာ ၁၄ ရက်၊ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာမှာ ၁၀ ရက်၊ ကျောက်တန်းရွာကွင်းလမ်းထဲမှာ ၈ ရက် ပိတ်မိခဲ့တယ်လို့ ကုန်တင်ကားဆရာကပဲ ဆက်ပြောပါတယ်။ပျက်စီးနေတဲ့ကွင်းလမ်းကိုပဲ အသုံးပြုသွားလာရတဲ့အတွက် လမ်းခရီးကြာမြင့်တဲ့အပြင် ကားတွေလည်းပျက်စီးရကြောင်း ကုန်တင်ကားဆရာကပဲ ပြောပြပါတယ်။



