back

ရန်ကုန်တွင် ပျောက်နေသည့် ထားဝယ်ဒေသခံ အမျိုးသမီး မိသားစုနှင့် ဆက်သွယ်ပြန်ရ

Feb 22 • 12:54 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် ပျောက်နေသည့် ထားဝယ်ဒေသခံ အမျိုးသမီး မိသားစုနှင့် ဆက်သွယ်ပြန်ရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာဇာတိ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာထွန်းသည် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့သို့ ဂျပန် ဘာသာစကားစာမေးပွဲဖြေရန် ထားဝ...

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာဇာတိ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာထွန်းသည် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့သို့ ဂျပန် ဘာသာစကားစာမေးပွဲဖြေရန် ထားဝယ်မြို့မှ စတင်ထွက်ခွာသွားပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နောက်ဆုံး အဆက်အသွယ်ရကာ ပျောက်နေခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ပြောသည်။ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နံနက် ၉နာရီကျော်တွင် မသဉ္ဇာထွန်းသည့် တယ်လီဖုန်းနံပါတ် အသစ်တစ်ခုဖြင့် မိသားစုထံဆက်သွယ်လာကြောင်း ၎င်းက ဆိုသည်။ မသဉ္ဇာထွန်းသည် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေရာတစ်ခုတွင် ရောက်ရှိနေကြောင်း သိရပြီး ရန်ကုန်၌ရှိနေသော ဆွေမျိုးတော်စပ်သူတစ်ဦး၏ အကူအညီဖြင့် သွားရောက်ခေါ်ဆောင်ထားကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ယနေ့ ပြန်လည် ဆက်သွယ်ရရှိချိန် မသဉ္ဇာထွန်းမှာ နေမကောင်းသည့်ပုံစံဖြစ်နေသဖြင့် ဆေးခန်းပြပေးရန် စီစဉ်နေကြောင်း သိရသည်။




news-view-count-icon

17