back

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ပါမစ်သက်တမ်းတိုးခွင့်ကာလကို မတ်လကုန်အထိ ထပ်မံတိုးမြှင့်

Feb 22 • 6:55 AM

breaking-news

Thailand

Local News

cover

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ပါမစ်သက်တမ်းတိုးခွင့်ကာလကို မတ်လကုန်အထိ ထပ်မံတိုးမြှင့်

မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) သက်တမ်းတိုးရမည့်ကာလကို လာမည့် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးရန် ...

မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) သက်တမ်းတိုးရမည့်ကာလကို လာမည့် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီး Treenuch Thienthong ဦးဆောင်သည့် ကော်မတီအစည်းအဝေးတွင် အလုပ်သမားအရေအတွက် များပြားသဖြင့် သက်တမ်းတိုးရန် အချိန်မလုံလောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ အချိန်တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မူလက အလုပ်ပါမစ်အများစုမှာ ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ကြသော်လည်း ယခုအခါ သက်တမ်းတိုးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် တစ်လကျော် ထပ်မံအချိန်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

18