back

စာသားရိုက်ရုံဖြင့် ဗီဒီယိုဖန်တီးနိုင်သည့် ByteDance ၏ AI Tool အသစ် "Seedance 2.0" ကြောင့် ဟောလိဝုဒ်လောက လှုပ်ခတ်နေ

Feb 22 • 6:53 AM

breaking-news

Myanmar

International

cover

စာသားရိုက်ရုံဖြင့် ဗီဒီယိုဖန်တီးနိုင်သည့် ByteDance ၏ AI Tool အသစ် "Seedance 2.0" ကြောင့် ဟောလိဝုဒ်လောက လှုပ်ခတ်နေ

စာသားအနည်းငယ် ရိုက်ထည့်ရုံဖြင့် လက်တွေ့ဆန်လွန်းသည့် ၁၅ စက္ကန့်စာ ဗီဒီယိုအတိုများကို ဖန်တီးပေးနိုင်သည့် ByteDance ၏ AI ဗီဒီယို Tool အသစ် "Seedance 2.0" ကြောင့် ဟ...

စာသားအနည်းငယ် ရိုက်ထည့်ရုံဖြင့် လက်တွေ့ဆန်လွန်းသည့် ၁၅ စက္ကန့်စာ ဗီဒီယိုအတိုများကို ဖန်တီးပေးနိုင်သည့် ByteDance ၏ AI ဗီဒီယို Tool အသစ် "Seedance 2.0" ကြောင့် ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အုတ်အော်သောင်းနင်း ဖြစ်ပွားလျက်ရှိကြောင်း Technology Innovation က ထုတ်ပြန်ထားသည်။ အသုံးပြုသူတစ်ဦးက တွမ်ခရုစ်နှင့် ဘရက်ပစ်တို့ ထိုးကြိတ်နေသည့်ပုံစံကို AI ဖြင့် ဖန်တီးပြသရာမှ အင်တာနက်ပေါ်တွင် လူပြောများသွားခဲ့ပြီး Deadpool ဇာတ်ညွှန်းရေးဆရာကိုယ်တိုင်ပင် AI ၏ စွမ်းဆောင်ရည်အပေါ် စိုးရိမ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ အဆိုပါ AI သည် မူပိုင်ခွင့်ရှိ ဖန်တီးမှုများကို ခွင့်ပြုချက်မဲ့ အသုံးပြုထားသည်ဟုဆိုကာ ရုပ်ရှင်အစည်းအရုံးက ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ByteDance အနေဖြင့် Seedance 2.0 ဖြန့်ချိမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားကြောင်း သိရသည်။

news-view-count-icon

30