back

နေပြည်တော်တွင် ဆိုင်ခန်းငှားခမြင့်လာမှုကြောင့် နဂိုငှားရမ်းသူများမတတ်နိုင်တော့ဘဲ ရွှေ့ပြောင်းလာရ

Feb 22 • 5:49 AM

breaking-news

Myanmar

Naypyidaw

breaking-news
cover

နေပြည်တော်တွင် ဆိုင်ခန်းငှားခမြင့်လာမှုကြောင့် နဂိုငှားရမ်းသူများမတတ်နိုင်တော့ဘဲ ရွှေ့ပြောင်းလာရ

နေပြည်တော်မြို့ပေါ်ရှိ အဓိကလမ်းမကြီးများဘေးနှင့် အချက်အချာကျသောနေရာများရှိ ဆိုင်ခန်းများတွင် ငှားရမ်းခစျေးနှုန်းများမှာ ယခုနောက်ပိုင်း ပိုမိုမြင့်မားလာခြင်းကြော...

နေပြည်တော်မြို့ပေါ်ရှိ အဓိကလမ်းမကြီးများဘေးနှင့် အချက်အချာကျသောနေရာများရှိ ဆိုင်ခန်းများတွင် ငှားရမ်းခစျေးနှုန်းများမှာ ယခုနောက်ပိုင်း ပိုမိုမြင့်မားလာခြင်းကြောင့် ယခင်ကတည်းက ငှားရမ်းလုပ်ကိုင်သူများမှာ ငှားရမ်းခစျေးကိုမတတ်နိုင်တော့ဘဲ အခြားနေရာများသို့ရွှေ့ပြောင်းလာရသော အခြေအနေမျိုးဖြစ်နေကြောင်း ဒေသခံများကြားမှ သိရသည်။

ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ဖွင့်လှစ်ထားသော ကုန်ပစ္စည်းလက်ကားအရောင်းဆိုင်ကြီးများမှာ နေပြည်တော် ဒေသအတွင်း အခြေစိုက်ကာ အဓိကလမ်းမကြီးများအနီးမှဆိုင်များနှင့် သွားလာမှုအချက်အချာကျသော နေရာများမှ ဆိုင်ခန်းများကို စျေးကြီးပေး၍ငှားရမ်းလာကြပြီး ငှားရမ်းခစျေးနှုန်းများလည်း လိုက်ပါမြင့်တက်လာကြောင်း၊ မူလက ငှားရမ်းလုပ်ကိုင်နေကြသည့် ဒေသခံဆိုင်သမားများမှာ ၎င်းတို့ကဲ့သို့ ငှားရမ်းခစျေးနှုန်းများကို ထပ်တိုးမပေးနိုင်တော့ဘဲ ပြောင်းရွှေ့ကြရသော အခြေအနေမျိုးကို ကြုံလာကြခြင်းဖြစ်သည်။အရင်တုန်းကဆိုရင် ဆိုင်ခန်းငှားခက တစ်သိန်း၊ နှစ်သိန်းဆိုတာ အမြင့်ဆုံးပဲ၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲ နေပြည်တော်ကို လာပြီး စျေးကွက်ချဲ့ထွင်တာ၊ မြှုပ်နှံလုပ်ကိုင်တာတွေများလာတော့ ငှားရမ်းခစျေးတွေတစ်ရှိန်ထိုးတက်လာတယ်၊ အခုငှားရမ်းခစျေးက နဂိုဆိုင်သမားတွေအဖို့တော့ လက်လှမ်းမမီနိုင်တော့ဘဲ ဘေးထွက်ထိုင် ဘ၀တွေဖြစ်လာခဲ့တာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။နေပြည်တော်ဒေသအတွင်းသို့ ကုမ္ပဏီကြီးများမှ စျေးကွက်ချဲ့ထွင်လုပ်ကိုင်လာခြင်း၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာခြင်းများကို လွန်ခဲ့သော ၂၀၂၅ ခုနှစ်အတွင်းက စတင်လုပ်ကိုင်ခြင်းများရှိပြီး အိမ်ခြံမြေစျေးများ မြင့်တက်လာမှုနှင့်အတူ ဆိုင်ခန်းစျေးများ တစ်ရှိန်ထိုးလိုက်ပါမြင့်တက်လာခဲ့သည်။လက်ရှိတွင် သပြေကုန်းတစ်ဝိုက်အဓိကကျသောနေရာများတွင် ဆိုင်ခန်းငှားရမ်းခများမှာ တစ်လလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ကြားရှိနေပြီး ပျဉ်းမနားမြို့မှ အဓိကကျသော လမ်းမများအနီးနေရာ၊ နှင်းဆီပန်းအဝိုင်းအနီး ပတ်ဝန်းကျင်၊ ရာဇဌာနီလမ်းမကြီးဘေးဝဲယာတို့တွင် ကျပ်သိန်း ၂၀ မှ ၅၀ ကြားဖြင့်လည်းကောင်း၊ ဗိုလ်တောက်ထိန်လမ်းမကြီး ဘေးဝဲယာတွင် ကျပ်သိန်း ၂၀မှ ၃၀ ကြား၊ ဗိုလ်ချုပ်လမ်းဘေးဝဲယာတွင် ကျပ် ၁၀ သိန်းမှ ၂၀ ကြား၊ မောင်ခင်လမ်း၊ ရွှေချီ ၉လမ်း၊ ၆လမ်း တို့တွင် ကျပ် ၁ဝ သိန်းမှ ၁၅ သိန်းကြား၊ ရွှေချီ ၂လမ်း၊ ၄လမ်း၊ ၅လမ်း၊ ၇လမ်းတို့ဘက်တွင် ကျပ် ၈ သိန်းဝန်းကျင်၊ ပေါင်းလောင်း ပေ ၈၀ လမ်းမဘေးဝဲယာတွင် ကျပ် ၁၀ သိန်းမှ ၁၂ သိန်း၊ ဆင်ရုပ်မြင်းရုပ်ဝန်းကျင်တွင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းကြား စသည်ဖြင့် ငှားရမ်းခများအသီးသီးပေးနေရသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ထို့ကြောင့် အခြားသောမြို့ပြကြီးများမှာ အခြေစိုက်သည့် ကုမ္ပဏီကြီးများ၊ စီးပွားရေးလုပ်ငန်းကြီးများမှာ နေပြည်တော်ဒေသအတွင်း စျေးကွက်ထိုးဖောက်တိုးချဲ့လာခြင်းများရှိသလို အဓိကလမ်းမကြီးများဘေးဝဲယာနှင့် လူစည်ကားရာနေရာများတွင် မြင့်မားသောငှားရမ်းခကြေးများပေး၍ ငှားရမ်းလုပ်ကိုင်မှုများရှိလာခဲ့ကြောင်း သိရသည်။

news-view-count-icon

31