back

သေဆုံးကြောင်း အလောင်းဖြင့် သက်သေပြခဲ့သည့် ရုရှားဝန်ကြီးကို ၁၃ နှစ်အကြာတွင် အရှင်ပြန်မိ

Feb 22 • 5:42 AM

breaking-news

Myanmar

International

cover

သေဆုံးကြောင်း အလောင်းဖြင့် သက်သေပြခဲ့သည့် ရုရှားဝန်ကြီးကို ၁၃ နှစ်အကြာတွင် အရှင်ပြန်မိ

၂၀၁၂ ခုနှစ်က ရုရှားနိုင်ငံ အက်စထရာခန်းဒေသတွင် အိမ်ရာနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ဒုတိယဝန်ကြီး တာဝန်ယူထားသူ မာရီယာနာစတူပီနာကို အကျင့်ပျက် လာဘ်စားမှုဖြင့်...

၂၀၁၂ ခုနှစ်က ရုရှားနိုင်ငံ အက်စထရာခန်းဒေသတွင် အိမ်ရာနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ဒုတိယဝန်ကြီး တာဝန်ယူထားသူ မာရီယာနာစတူပီနာကို အကျင့်ပျက် လာဘ်စားမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သော်လည်း ၎င်းသည် ထွက်ပြေးပြီးနောက် သေဆုံးခဲ့ကြောင်းကို အလောင်းပင် သက်သေပြသပြီးနောက် ၁၃ နှစ်အကြာမှ အသက်ရှင်လျှက် ပြန်လည် ဖမ်းဆီးမိခဲ့သည်။ကြီးမားသော ငွေကြေးအလွဲသုံးစားပြုမှု၊ ငွေပေးချေမှု စာရွက်စာတမ်းများကို တရားမဝင် ထုတ်လုပ်မှုနှင့် ငွေကြေးခဝါချမှုများ ကျူးလွန်ခဲ့သည့် မာရီယာနာစတူပီနာကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်စဉ် ယင်းအမျိုးသမီးသည် တက်တာစတန်ဒေသသို့ ထွက်ပြေးသွားခဲ့ပြီး ထွက်ပြေးနေစဉ် အွန်လိုင်းပေါ် ပျောက်ဆုံးသူများ သတင်းကို ခြေရာခံရှာဖွေခဲ့သည်။ တစ်ရက်တွင် နိုဗိုဆီဘီယက်စ်ဒေသ၌ သေဆုံး အမျိုးသမီးတစ်ဦးအလောင်း အနေအထားမှာ ၎င်းနှင့် အလွန်ဆင်တူသဖြင့် ထိုအလောင်းအား ခင်ပွန်းဆီ ပို့ပေးခဲ့ပြီး ၎င်းကိုယ်တိုင်ဖြစ်ကြောင်း အာဏာပိုင်များထံ ခင်ပွန်းက အတည်ပြု တင်ပြပေးနိုင်ခဲ့သည်။

ထို့နောက် အက်စထရာခန်းဒေသသို့ ပြန်လာပြီး ၁၃ နှစ်လုံးလုံး လျှို့ဝှက် နေထိုင်နေခဲ့ရာမှ ၂၀၂၆ ခုနှစ်အတွင်း အသက်ရှင်လျှက် ရှိနေသေးသည်ကို ရုရှားထောက်လှမ်းရေးအဖွဲ့က သိရှိသွားရာမှ ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။



news-view-count-icon

27