ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ဘုန်းကြီးကျောင်းတစ်ကျောင်း အပါအဝင် လှည်းကူးမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်များသို့ သက်ဆိုင်ရာ နယ်မြေခံမီးသတ်စခန်းများမှ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြပြီး၊ မီးလောင်ရသည့် အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြောက်ပိုင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် ရန်ကုန်၌ ယနေ့နံနက်ပိုင်းတွင် မီးလောင်မှု ၃ ကြိမ် ဖြစ်ပွား
Feb 22 • 4:36 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


