ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်ရှိ အမှတ် (၂) ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီး နက်သာကယ်ဖက်ဒီးသည် တပ်တွင်းသို့ နောက်ကျမှပြန်လာသည့် တပ်သားသစ်တစ်ဦးကို မိလ္လာတွင်းထဲသို့ ဆင်းခိုင်းကာ ကျောပြင်အား တုတ်ဖြင့် ရိုက်နှက်နှိပ်စက်နေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ကျူးလွန်သူအား တပ်တွင်းစည်းမျဉ်းများဖြင့် အရေးယူရုံသာမက အရပ်ဘက်ရာဇဝတ်မှုဖြင့်ပါ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ တပ်သားသစ်များအပေါ် ရက်စက်စွာ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် စစ်တပ်အကြီးအကဲများနှင့် လူ့အခွင့်အရေးကော်မရှင်တို့က ယင်းကဲ့သို့သော လုပ်ရပ်များကို တားဆီးရန် ဥပဒေသစ်များ ရေးဆွဲရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
Feb 22 • 2:28 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


