အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်ရှိ မူကြိုကျောင်းတစ်ခုတွင် အသက် ၂၃ နှစ်အရွယ် ဆရာမဖြစ်သူ ယီဆယ်လ် ဂျေ ဂျေ သည် အလုပ်သက်သာစေရန်အတွက် အသက် ၂ နှစ်အောက် ကလေးငယ်များကို သကြားလုံးဟု လှည့်စားကာ ဝမ်းနုတ်ဆေးများ တိုက်ကျွေးခဲ့သဖြင့် ဖမ်းဆီးတရားစွဲဆိုခံလိုက်ရသည်။ ၎င်းသည် ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ကျောင်းစည်းကမ်းအရ အိမ်ပြန်လွှတ်ရသည်ကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ မိဘများ၏ တိုင်ကြားမှုကြောင့် စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆရာမသည် အသက်အန္တရာယ်ပြုရန် ကြိုးပမ်းမှု၊ ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေမှုတို့ဖြင့် တရားစွဲဆိုခံထားရကာ ပြစ်မှုများကို ဝန်ခံထားကြောင်းနှင့် ကလေးအချို့မှာ သီတင်းပတ်ပေါင်းများစွာ ဗိုက်နာဝေဒနာ ခံစားခဲ့ရကြောင်း သိရသည်။
Feb 22 • 2:27 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


