လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် ပါချုပ်ဆရာတော်ဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ပြီဖြစ်ကြောင်း ပျံ့နှံ့နေသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ဆရာတော်၏ အနီးကပ်ကပ္ပိယဖြစ်သူ ကိုချမ်းမြေ့အောင်က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ သတင်းမှားများကြောင့် သွားရောက်ဖူးမြော်သူအချို့ အဆင်မပြေဖြစ်မှုများ ကြုံတွေ့ခဲ့ရပြီး၊ ဆရာတော်ကြီးအနေဖြင့် ကျန်းမာရေးအရ မတ်လ ၇ ရက်အထိ ဆက်လက်အနားယူရန် ဆရာဝန်ကြီးများက ညွှန်ကြားထားကြောင်းနှင့် နောက်နောင်တွင် ယခုကဲ့သို့ မဟုတ်မမှန် ကြေညာခြင်းများ မပြုလုပ်ရန်လည်း သတိပေးထားသည်။
| 79 | 0 | 0 | 0 |


